မန္တလေး စက်တင်ဘာ ၂၀
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေ့လျားကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးအဖွဲ့မှ ရဟန်းသာမဏေ များအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို စက်တင်ဘာ ၁၈ ရက် နေ့လယ်၁၂ နာရီက ဥပုသ်တော် ရပ်ကွက်၊ အကွက်အမှတ်(ခ/၄၁၆)၊ မန္တလေးတောင်ခြေရှိ ဥသာပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျားကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေး အဖွဲ့မှ သူနာပြုဆရာမကြီး ဒေါ်နော်စန်းစန်းဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ရဟန်း၊ သာမဏေ(၇၂) ပါးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးရာ သာမဏေ(၂)ပါးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသဖြင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ၎င်းသာမဏေ(၂)ပါးအား ဥသာပရိယတ္တိစာသင်တိုက်ရှိ သီးသန့် ဆောင်၌ ခွဲခြားနေထိုင်ရန်စီစဉ်ပေးထားကြောင်း၊ အဆိုပါစစ်ဆေးပေးရာသို့ ဥပုသ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်မြင့် နှင့် ရာအိမ်မှူးများက လိုအပ်သည်များက ိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)