ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကျိုက်ဒုံ စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန့်နေ့ ညနေ၄ နာရီ ကမြို့ပေါ်ရပ်ကွက် စာရေးဝန်ထမ်းများကအသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးမှုများဆောင်ရွက်ရာမှာ ပြည်သူများ အနေဖြင့် မိမိနေအိမ်များ တွင် သာနေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာ ကြရန်၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်းမတပ်သူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်စသည့် အသိပညာပေး နှိုးဆော်ချက်များအား လိုက်လံနိုးဆော် ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်