တောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူ( ၄၅၂၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

တောင်ကြီး    စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းပြီး တောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများအား သတ်မှတ်အုပ်စုအလိုက် ဦးစားပေးအစီအစဉ်အတိုင်း ယမန်နေ့ နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ သတ်မှတ်နေရာ (၇)ခုတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)များကို တောင်ကြီးမြို့နယ်အတွင်းရှိ မြို့တော်ခန်းမ တွင် (၉၉၈)ဦး၊ ပြည်နယ်အားကစားရုံတွင် (၁၀၆၀)ဦး  ၊ အေးသာယာမြို့ မြို့လယ်ဓမ္မာရုံတွင် (၅၈၅)ဦး၊ ရွှေညောင်မြို့ ရွှေညီလာခန်းမတွင် (၈၂၂)ဦး၊ ကျောက်တလုံးမြို့ အခြေခံပညာအထက်တန်းကျောင်း လုံကားတွင် (၄၅၆)ဦး၊ မိုဘိုင်း (၁)တွင်(၁၄၅)ဦး၊ မိုဘိုင်း(၂)တွင်(၄၆၀)ဦး၊ စုစုပေါင်း သတ်မှတ်နေရာ(၇)ခုတွင် ပြည်သူ(၄၅၂၆)ဦးအား စနစ်တကျ ထိုးနှံပေးနေမှုများအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဆွေမြင့်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှု့အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးစိုး(ပြန်/ဆက်)