ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်

ငါန်းဇွန်  စက်တင်ဘာ ၂၀

 

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်လျှက်ရှိရာ ယမန်နေ့ နေ့လည် ၂ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်အတွင်းရှိ ဘိုးဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရန် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး မှူးများထံ လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ငါန်းဇွန်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၄)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား(၁၁၉၃)ဦးတို့အား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့်(၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်(ဧပြီ၊ မေ၊ ဇွန်)သုံးလစာအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းကို ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် စုစုပေါင်း (၃၅၇၉ဝဝဝဝိ/-) လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။      

သက်နောင်ဦး(ငါန်းဇွန်)