Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်ဒုံမြို့၌ မြန်မာဘာသာ၊ပိုးကရင်ဘာသာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး အတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Sep 21,2021
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် စက်တင်ဘာလ၂၁ ရက်နံနက် ၁၀နာရီက (ပြန်/ဆက်) ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် စာရေး ဝန်ထမ်းများက အသံချဲ့စက်ဖြင့် မြန်မာဘာသာ၊ပိုးကရင် ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်၂နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Sep 21,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ ) လများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့တွင် နေအိမ်ပြင်ပထွက်တိုင်း ပါးစပ် ၊နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမအရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ် ခရီးသွားမိဘပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း၊ အသိ ပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၊ဆင်ထိုးကြီးကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးရေး အသိပေးနှိုးဆော်
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေ၏လမ်းညွှန်မှုအရ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူးများပူးပေါင်း၍ ယမန်နေ့ ည(၆)နာရီအချိန်မှစပြီး ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနည်းလမ်းများနှင့် တတိယအသုတ် (ပထမ)အကြိမ် ကာကွယ်ဆေးကို စက်တင်ဘာလ၂၁ ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ဆင်ထိုးကြီးကျေးရွာ၊အရှေ့ကမ်းဘုန်းကြီးကျောင်း၊ဓမ္မာရုံတွင် လာရောက်ထိုးနှံနိုင် ရေးကိုအသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပေးနှိုးဆော်
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇပြောင်းလဲသောရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ကာကွယ်ရေး နည်းလမ်းများကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို အလှည့် ကျစနစ်ဖြင့် ထုတ်ပေး
Sep 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင် လစာများကို ယနေ့ နံနက် ၉နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူ(၁၀၂၅၉၀)ဦးအား စက်တင်ဘာလ မှ ဒီဇင်ဘာလကုန်အထိ ထိုးနှံပေးမည်
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ပြည်သူ (၁၀၂၅၉၀)ဦးအား စက်တင်ဘာလလည်မှ ဒီဇင်ဘာလကုန်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင်ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာ ပေးနှိုးဆော်ခြင်းများကို မြန်မာ၊ စကောကရင်နှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေး လ…
Sep 21,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ဘားအံခရိုင် ဘောဂလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်တွင် ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် ဆောင် ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25458
Page
25459
Page
25460
Page
25461
Current page
25462
Page
25463
Page
25464
Page
25465
Page
25466
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department