Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျွန်းစုမြို့တွင် ပြည်သူများ Mask တပ်ဆင်အသုံးပြုရေး ပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Sep 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင်ပသို့ ထွက်ခွာသွားလာသူများအား နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး ပညာပေးခြင်း နှင့် Mask များ အခမဲ့ဖြန့်ဝေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့မစျေး အတွင်း/အပြင်နှင့် အမြန်ရေယာဉ် အဝင်/အထွက်ရှိရာ ဆိပ်ကမ်း၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ညမထွက်ရအမိန့် လိုက်နာခြင်းရှိ/မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 14,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ ညအချိန်က ရပ်ကွက် များအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ဆည်မြောင်းဦးစီးဌာနရုံးရှေ့သို့ ပြောင်းရွှေ့ဖွင့်လှစ်
Sep 14,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက်များနှင့်အညီ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အဝင် (OHC)တိုးဂိတ်တွင် သြဂုတ်လ(၂၆)ရက်နေ့က ပြန်လည်ဖွင့်လှစ်ထားရှိခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အဆိုပါဂိတ်အား ဆည်မြောင်းဦးစီးဌာနရုံးရှေ့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး စားသောက်ဆိုင်များအား ပါဆယ်စနစ် ဖြင့်သာ ရောင်းချရန်အသိပညာပေးဆောင်ရွက်
Sep 14,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အနေဖြင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် စက်တင်ဘာလ ၁၂ရက်နေ့ က မြို့ပေါ်နှင့် ကျေးရွာများတွင် ရောင်းချနေသော စားသောက်ဆိုင်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့က အသိပေး နှိုးဆော်စာ များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်
Sep 14,2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ
Sep 14,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စက်တင်ဘာ ၁၄ (ယနေ့) ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။ “ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာတစ်ဝန်း ကူးဆက်ပျံ့နှံ့လျက်ရှိပြီး မြန်မာနိုင်ငံမှာလည်း ပြည်တွင်းကူးစက်ခံရမှုနှုန်း မြင့်တက်နေတာကြောင့် မြို့နယ်အတွင်း ဆင့်ပွားကူးဆက်ခံရမှုတွေ မဖြစ်ပွားစေဖို့ ယခုလို ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းဖြစ်တယ်” လို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်
Sep 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအတွက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့စာကြည့်တိုက်စာအုပ်/စာစောင်ငှားရမ်းခြင်း ကို ခေတ္တ ပိတ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်
Sep 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ကအိမ်တိုင်ရာရောက် လိုက် လံ ထောက်ပံ့ ပေးအပ်လျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25458
Page
25459
Page
25460
Page
25461
Current page
25462
Page
25463
Page
25464
Page
25465
Page
25466
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department