ကျိုက်လတ် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လိုက်လံအသိပေးနှိုးဆော်မှုအား ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက် များနှင့် မြို့မဈေးကြီးအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလိုက်လံနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊မိမိအိမ်သို့ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန် အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောရန် နှင့်မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊အပြင်ထွက်ရာမှပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန် ကိုဗစ်-၁၉ ရောဂါကို လျှင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် Hand speaker များဖြင့်လှည့်လည်၍ တိုက်တွန်းနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ ယနေ့အထိ ဓာတ်ခွဲအ တည်ပြုလူနာစုစုပေါင်းမှာ (၄၀၈) ဦးရှိပြီး ပြန်လည်ကျန်းမာလာသူ စုစုပေါင်း(၃၃၇)ဦး၊ ပိုးတွေ့လူနာသေဆုံးသူပေါင်း(၆၂)ဦး၊ ကုသဆဲလူနာ(၉) ဦးရှိကြောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ်( ပြန်/ဆက်)