နတ်မောက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက်အသက်အရွယ်ကြီးရင့်သူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁၅)ရက် နေ့မှစတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တွင်လည်းကောင်း၊ အမှတ်(၁)အခြေခံ ပညာအထက် တန်းကျောင်းတွင်လည်းကောင်း၊ ဖန်းခါးစမ်းကျေးရွာ တွင်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်လည်းကောင်း၊ စိုင်ကောင်း ကျေးရွာတွင် လည်းကောင်း၊ ရွှေပန်းတောကျေးရွာတွင်လည်းကောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဉက္ကဌဦးသန့်စင်နှင့်အဖွဲ့ဝင်များ နှင့် ကာကွယ်ဆေးထိုးနှံရေး ကြီးကြပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်စုရပ်(၆)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုထိုးနှံပေးမည့် ကာကွယ်ဆေး မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီးဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၅၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ဦးစားပေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ(၁၉)ရက်နေ့အထိ စုရပ်(၆)နေရာ တွင်စုစုပေါင်းလူဦးရေ (၂၉၇၀)ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်းသိရသည်။
သင်းသင်းမြတ်