မဘိမ်းမြို့နယ်၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

မဘိမ်း     စက်တင်ဘာ     ၂ဝ  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အအုံသစ်နှင့် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးမထိုးမီ စာရင်းပေး သွင်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏတိုင်းတာခြင်းတို့ကို ဦး စွာဆောင်ရွက်ပြီး ပုံမှန်အခြေအနေဖြစ်မှသာ ကျန်းမာရေးဝန်ထမ်းများက အသက်(၅၅)နှစ်နှင့်အ ထက်ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခဲ့ကြ သည်။  

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းသူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ကြည့်ရှုခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန် ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)