ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးဆက်လက်ဆောင်ရွက်

ဝါးခယ်မ  စက်တင်ဘာ  ၂၀

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးဦး‌ကျော်စိုး၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများက အရှေ့ဒရင်းကျေးရွာနေ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အဆိုပါရုံးတွင် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန် ထမ်းများက အ‌ရှေ့ဒရင်းကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ် ပြည့် (၈)ကတ်၊ အသက် (၁၈)နှစ်ပြည့်(၁၄)ကတ်၊ လဲလှယ်(၅)ကတ်၊ ပျောက်/ပျက် (၈)ကတ်၊ စုစုပေါင်း (၃၅)ကတ်နှင့် ရွှေ့ပြောင်းအိမ်ထောင်စုဦးရေစာရင်း (၅) ခု‌ ဆောင်ရွက်ပေးနိုင်ခဲ့ သည်။ ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၂၆)အုပ်စုရှိပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ကျန်ရှိနေသောဌာနဆိုင်ရာ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အားဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)