မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မိုင်းဖြတ်    စက်တင်ဘာ      ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်နှင့် ကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့က ဆွပ်ပန်းကျေးရွာနှင့် ဆိုက်ခေါင်ကျေးရွာသို အသံချက်စက်ဖြင့် အသိပေး နှိုးဆော်ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ  အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင်   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့ စက်ဖြင့်  ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များကို မြန်မာ၊ ရှမ်း၊ လားဟူ သုံးဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။ 

ထို့နောက် သွားလာနေကြသည့် မိဘပြည်သူများအား နှာခေါင်းစည်း(Mask)ကို တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များကို အခမဲ့ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး (ပြန်/ဆက်)