မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျေးရွာများအထိ တိုင်းရင်းသား ဘာသာဖြင့် လိုက်လံနှိုးဆော်

မိုင်းခတ်    စက်တင်ဘာ    ၂၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်မှုများကို အသံချဲ့စက်ဖြင့်  အရှိန်အဟုန်မြှင့်၍ ယနေ့နံနက်၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က မိုင်းခတ်မြို့နယ်၊ ပင်းကွေကျေးရွာတွင် မြန်မာနှင့်ရှမ်းတိုင်းရင်းသားဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကိုထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေးအတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့်ပြင်ပသို့မဖြစ်မနေ ထွက်ခွါပါကနှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံကြရန်၊ နှာခေါင်းစည်းမတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများမှရှောင်ကြဉ်ကြရန်၊ လူစုလူဝေးနှင့်သွားလာခြင်းများကိုရှောင်ကြဉ်ရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်းလက်ကိုဆပ်ပြာနှင့်စက္ကန့်၂၀ကြာအောင်စနစ်တကျဆေးကြောရန်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)