အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် မိုးကြီးမှုကြောင့် ရေစကြိုမြို့နယ်၊ ဆားလင်းကုန်းကျေးရွာအုပ်စု၊ အညာတောကျေးရွာရှိ ချောင်းကောက်ဆည် ရေတံခါးမှ ရေများ အလျား ၃၀ ပေ၊ အနံ ၁၅ ပေခန့်ကျိုး ပေါက်ခဲ့မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် တဲအိမ်(၄၀)လုံးအတွက် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၈ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Sep 20,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ဒေသခံပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ် လိုအပ်မှုများကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်ဆောင်ရွက်သော ZOY30အောက်ဆီဂျင်စက် စက်တင်ဘာလ ၁၉ရက်နေ့က မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့သည်။
Sep 20,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်  အသက်(၁၈)နှစ်အထက်  မသန်စွမ်းသူများနှင့် အသက်(၅၅) နှစ်အထက်ရှိသူများအား  ဦးစားပေးအုပ်စုအလိုက်   သတ်မှတ်ချက်နှင့်အညီ တတိယအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်အတွင်းရှိ စုရပ်(၆)နေရာတို့၌  စတုတ္ထမြောက်နေ့အဖြစ် ယနေ့၊ နံနက်(၉)နာရီမှစတင်၍  သတ်မှတ် ညွှန်ကြားချက်များနှင့်အညီဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 20,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း အသက် (၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကို ယမန်နေ့က စတင်ထိုးနှံပေးခဲ့ပြီး၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ယနေ့ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 20,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် နှစ်စဉ် ကျင်းပသည့် ပျားရည်နှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို  ယနေ့နံနက်ပိုင်းက   ကျိုက္ခမီဘုန်းတော်ကြီးကျောင်းများသို့     သွားရောက်ပြီ  ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားရောက် လှူဒါန်းခဲ့သည်။
Sep 20,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သံဃာတော်များ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့ကို ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စမ်းသပ် စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့မျး ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေး ပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁) နာရီက မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ စမ်းသပ်စစ်ပေးကြောင်း သိရ သည်။
Sep 20,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက် မြင့်မားခြင်း ဖြင့်တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်မြင့်မားပြီး လူနေမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့ နံနက် ၁၁ နာရီအချိန်က ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 20,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုကျေးရွာ အရောက် ကွင်းဆင်း၍နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာယနေ့မွန်းလွဲ၂နာရီက ဘိန်းဗျောကျေးရွာ၊ အုပ်ချုပ်းရေးမှူးရုံး၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။