တောင်ငူ စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှု များကို မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ နှင့်အညီ နေထိုင်သွားလာမှုရှိစေရေး၊ ရောဂါကွင်းဆက် ပြတ်တောက်ရေးလုပ်ငန်းများ၌ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေရေးတို့အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြသည်။
ဆက်လက်၍ တောင်ငူမြို့နယ်အတွင်း အသက် ၅၅ နှစ်နှင့် အထက်၊ မသန်စွမ်းများနှင့် ရောဂါအခံရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင် ရေးအတွက် လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)