ကျောက်ဆည် အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး နေရာဒေသအလိုက် ရေရရှိရေးနည်းလမ်းများဖြင့် မိုးစပါးများ စိုက်ပျိုးထားရှိရာ မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၆၂) ဦးပိုင်အမှတ်(၂၄/၁) တောင်သူဦးအောင်မင်း စိုက်ပျိုးထားသော ဧရာပဒေသာစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စပါးစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ တစ်ဧကကောက်ကွက်ပြည့်မီစွာဖြင့် ကောက်ကွက်တစ်ကွက်တွင် ကောက်ပင်(၂/၃)ပင်နှင့် ကောက်ပင်လှန်မြန်စေရန်အတွက် (၁)လက်မခွဲအနက်စိုက်ပျိုးကြောင်း၊ သွင်းအားစုအနေဖြင့် တစဧက ပုလဲဓာတ်မြေဩဇာတစ်အိပ်နှင့် သဘာဝမြေဩဖြစ်သည့် နွားချေးနှင့် ဘိုကာရှီများ သုံးစွဲကြောင်း၊ လိုအပ်သည့်အချိန်တွင် တမန်းနိုးခြင်း၊ ရေသွင်းခြင်း၊ ပေါင်းလိုက်ခြင်းများ ဆောင်ရွက်ကြောင်း၊ ဖြုတ်ညို၊ နှံစုပ်ကြမ်းပိုး၊ စပါးကျောက်ဆူးပိုး၊ အဝါရောင်ဆစ်ပိုး၊ ဖြုတ်စိမ်းနှင့် စပါးရွက်လိပ်ပိုးများ မကျရောက် အောင်ပိုးနှင်ဆေးနှင့် ပိုးသတ်ဆေးများ သင့်တင့်စွာသုံးစွဲ၍ စိုက်ပျိုးကြောင်း သိရသည်။
မိုးသီးနှံများ စိုက်ပျိုးရာ၌ နေရာဒေသအလိုက် ဆည်ရေ၊ မိုးရေ၊ မြေအောက်ရေများ အသုံးပြု၍ စိုက်ပျိုးကြကြောင်းနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက စိုက်နည်းစနစ်များ၊ မျိုးစေ့များ၊ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေးနိုင်ရေး တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ အောင်နိုင်တိုး စပါးမျိုးများ အဓိကထား စိုက်ပျိုးကြပြီး ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ၌ မိုးစပါး(၅၂၃၃၄)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)