ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်၊ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိ

ကျောက်ဆည် အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ပြည်သူများမဲပေးနိုင်ရန်အတွက် မဲစာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် သက်ဆိုင်ရာနေရာများ၌ မဲဆန္ဒရှင်စာရင်းများ ကြေညာထားကြောင် သိရသည်။

မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းနှင့်စပ်လျဉ်းသော ပြင်ဆင်လွှာ၊ မဲစာရင်း၌ အမည် ပယ်ဖျက်ပြီးကြောင်း ထောက်ခံခြင်း၊ အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့မည်ဖြစ်သဖြင့် မဲစာရင်းမှအမည်စာရင်းကို ပယ်ဖျက်ပေးရန် တောင်ဆိုလွှာ၊ မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာ၊ မဲစာရင်းမှအမည်ကို ပယ်ဖျက်ပေးရန် တောင်းဆိုလွှာ၊ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာများရှိပါက သတ်မှတ်ထားသည့်ပုံစံစာရွက်များအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ ထုတ်ယူနိုင်ပြီး လိုအပ်သည့်အချက်များ ရေးသွင်းကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ့ရုံးသို့ ပေးပို့နိုင်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု၊ ကျေးရွာ (၂၂၃)ရွာ၊ မဲဆန္ဒရှင် (၁၇၈၈၄၂) ဦးရှိပြီး မဲရုံပေါင်း(၁၈၉)ရုံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်