မြစ်သား အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၂ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့မ (အ.ထ.က) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်ရေးရာဟောပြောပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များ ကိုပြောကြားကာလူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်ဥပဒေ အထောက်အကူပြုရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးခိုင် ကလူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ငလျင်ဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးနံရံကပ်စာစောင်များနှင့်ခင်းကျင်းပြသထားသည့်စာအုပ်ပြပွဲကိုကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)