ကျောက်ဆည် အောက်တိုဘာ ၂၄
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး (ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ(၂၄)ရက် နံနက်(၉)နာရီခွဲက ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ထည့်သွင်းကျင်းပပြုလုပ်သွားမည့် ပြပွဲများ၊ ပြိုင်ပွဲများနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ ဆုချီးမြှင့်သွားမည့် အစီအစဉ်များနှင့် အမှတ်တရလက်ဆောင်ပေးအပ်သွားမည့် အကြောင်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောက်ဆည်ခရိုင် ပညာရေးမှူးဒေါက်တာဥမ္မာကြည်က ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အခြေခံပညာရေးဦးစီးဌာနမှ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သား မြို့နယ်များရှိ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက အကြိုပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ၌ ပြိုင်ပွဲအမျိုးစားများအလိုက် ပါဝင်ယှဉ်ပြိုင်သွားမည့်အကြောင်းများအား ဆွေးနွေးခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)