ပုသိမ် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မဲဇလီ၊ ဂွေးကုန်း၊ ထန်းကန့်လန့် ကျေးရွာများမှ တောင်သူ ၁၀၁ ဦးကို မိုးစပါး စိုက်ဧက (၇၈၁)ဧကအတွက် ငွေကျပ်သိန်း(၁၁၇၁.၅၀)ကို စက်တင်ဘာ (၂၀)ရက်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးခဲ့ပါသည်။
ပုသိမ်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပုသိမ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်က မိုးစပါး ချေးငွေပြေကျေသည့် တောင်သူလယ်သမားများကို ၂၀၂၁ ခုနှစ်၊ မေလကုန်မှစတင်၍ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ယနေ့အထိ ကျေးရွာ ၄၂ အုပ်စုမှ တောင်သူ (၂၇၀၅) ဦးသို့ မိုးစပါးစိုက်ဧက (၂၀၁၆၆)အတွက် ချေးငွေပေါင်း (၃၀၂၄၉.၀၀)ကျပ်သိန်း ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြင့်ဟန်