အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်မှ ညနေ ၂ နာရီ ၃၀အချိန်ထိ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်း)ရှေ့တွင် မြို့နယ်အတွင်း နေထိုင်သော အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ မိဘပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)အား စတင်ထိုးနှံ ပေးလျက်ရှိရာ ယ‌နေ့တွင် စုစု‌ပေါင်း (၄၈၅)ဦး ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 22,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီက အိမ်ခြေ (၁၇)လုံး ယာယီရွှေ့ပြောင်းထားကြောင်း ဒေသခံပြည်သူများထံက သိရသည်။
Sep 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွများတွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
Sep 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာ အုပ်စုမှ အသက်(၁၆) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ဘူးခြင်း မရှိသေးသူ (၁၆၃)ဦးအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွဋ်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 22,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် ၉ နာရီက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉‌ရောဂ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံကြရန် နှိုးဆော် ခြင်းကို  ယနေ့နံနက် ၁၀ နာရီခွဲက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
Sep 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ မူလစျေးများ မကြာမီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 22,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြင်းတဲကြီးကျေးရွာ အဝင်လမ်းတွင် ပြိုလဲနေသည့် ဓာတ်တိုင်(၂)ကို မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်စိုးနှင့်ဝန်ထမ်း (၈)ဦးက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က သွားရောက်ပြုပြင် ဆောင်ရွက်ပေးခဲ့သည်။