Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပိုင်ကျုံမြို့၌ ဒုတိယအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၂) ရက်အတွင်း (၁၆၅၁) ဦးရှိ
Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ သာသနာပြုပုဂ္ဂိုလ်များ၊ အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်း သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်အတွင်း အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး
Sep 22,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ စုရပ်(၃)ခုတွင် သံဃာတော်များ၊အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ကိုတတိယနေ့အဖြစ် ထိုးနှံပေး ခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများအသီးသီမှ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးန…
Sep 22,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်းရှိ ကျေးရွာ အုပ်စုများမှ ကျေးရွာများတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 22,2021
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့ နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၌ အသက်(၅၅)နှစ်နှင့် (၆၄)နှစ်အတွင်းရှိ ပြည်သူများနှင့် မသန်စွမ်းသူ၊ နာတာရှည်ရောဂါရှိသူ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ…
Sep 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရန် အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် (၃)ရန်ပြေရပ်ကွက်၊ ဗုဒ္ဓဝယာဝစ္စဓမ္မာရုံ၌ အသက်(၅၅)နှစ်နှင့် (၆၄)နှစ်အတွင်းရှိ ပြည်သူများ၊ မသန်းစွမ်းသူ၊ နာတာရှည်ရောဂါရှိသူ ပြည်သူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း အသိပေး ကြေငြာခြင်းများ ဆောင်ရွက်
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဆားလင်းကြီးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း အသိပေးကြေငြာခြင်းကို ယမန်နေ့ညနေ ညနေ(၅)နာရီ အချိန်ကစတင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည် အသိပေး ကြေညာခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
Sep 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် စံဖဲကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကရင်ဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25426
Page
25427
Page
25428
Page
25429
Current page
25430
Page
25431
Page
25432
Page
25433
Page
25434
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department