အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၅ ရက်နေ့က စတင်ထိုးနှံပေး လျက်ရှိရာ ယမန်နေ့အထိ လူဦးရေ ၈၁၀၀ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
Sep 22,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီများ ပူးပေါင်း၍ ပြည်သူ့ဆေးရုံဝန်း အတွင်း၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက် နေသည့် အဆောက်အဦးအတွင်းကို ယနေ့ နံနက်ပိုင်းက တစ်ရက်လျှင် (၄၀) လီတာအိုး(၁၅၀) အိုး အထက်ရရှိမည့် အောက်ဆီဂျင် စက်ရောက်ရှိခဲ့ကြောင်း သိရသည်။
Sep 22,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို ဦးစား ပေးအစီအစဉ်အလိုက် ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် သတ်မှတ်နေရာများ၌ ပထမအကြိမ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးများ ယမန်နေ့က ထပ်မံရောက်ရှိလာ၍ လူဦးရေ(၁၂၅၆၅)ဦးအား ဆက်လက် ထိုးနှံပေးလျက်ရှိပြီး စက်တင် ဘာလ(၂၁)ရက်နေ့အထိ (၇၉၇၀)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်နေပြည်သူများ လူမှုဘဝတိုးတက်စေရန် ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်း(၆၁)စုံကို ယနေ့ နံနက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများတို့က လိုက်လံပေးအပ်လျက်ရှိ ကြောင်း သိရှိရသည်။
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေစဉ် ရိုက်ကူးတက်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 22,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက်(၉)နာရီအချိန်တွင် ဆိပ်ကြီးတာဆုံ၌ အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 22,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ (၉၀၅၀)ဦးအား ပထမအကြိမ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ပြီး ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် ယနေ့ နံနက် ၉ နာရီက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် နမ်းခမ်းမြို့မကျောင်းဓမ္မာရုံတွင် ယမန်နေ့က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကျေးရွာပြည်သူများ စုစုပေါင်း ၁၇၅ ဦးကို (ပထမဆေးခွဲတမ်း Sinopharm ဆေးအလုံးရေ ၁၁၈၀ လုံး)မှ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ယနေ့ချိန်ထိ ပြည်သူ ၃၉၈၅ ဦးကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။