ဆားလင်းကြီး စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာ ပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဆားလင်းကြီးမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း အသိပေး ကြေငြာခြင်းကို ယမန်နေ့ညနေ ညနေ(၅)နာရီ အချိန်ကစတင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည် အသိပေး ကြေညာခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အသိပေးကြေငြာရာတွင် "ဆားလင်းကြီးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြည့်ကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း၊ ယခင်ဦးတာ်အုပ်စု များဖြစ် သည့် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ၊ ရဟန်းသံဃာတော်နှင့်သီလရှင်များ၊ ၊အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ ၊ ပရဟိတစေတနာ့ ၀န်ထမ်း Volunteerများ ၊Super Marketနှင့် စျေးများမှ ပြည်သူများအပြင်၊ ယခုအကြိမ်တွင် အသက် (၅၅)နှစ်နှင့်အ ထက်ရှိသူများ၊ မသန်စွမ်းသူများ/နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါသည်များ၊ ရွှေ့ပြောင်းလုပ်သားမျာ၊ EAO များကိုပါ ထည်သွင်းထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း၊ ဦးတည်အုပ်စု များတွင်ပါဝင်သည့် မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးများထံတွင် စာရင်းပေး၍ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရှိ OSS ခန်းမတွင် နံနက် ၈နာရီမှ ၁၂နာရီအထိ လာရောက်ထိုးနှံနိုင်ကြောင်း၊ ထို့ပြင်ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများ အနေဖြင့်လည်း ဆားလင်းကြီး (အထက)ရှိ ပန်းမြတ်သဇင်ခန်းမတွင် နံနက်(၈)နာရီမှ (၁၂)နာရီ အချိန်အတွင်း လာရောက်ထိုးနှံနိုင်ကြောင်း" မြို့ပေါ်ရပ်ကွက်များအတွင်း လှည်လည်အသိပေး ကြေငြာပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရှိရသည်။
ဥမ္မာခိုင်