အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၁၀ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာလ ၂၁ ရက်နေ့နောက်ဆုံးစာရင်းအရ သိရှိရသည်။
Sep 22,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ပြီး အမှတ်-၅ ရပ်ကွက်ရှိ ရွှေစည်းခုံစေတီတော် ဝတ္တကနယ်မြေအတွင်းရှိ ဝေဇယန္တာဗိမ္ဗာန် တော်ကြီးတွင်စတင် ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
Sep 22,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုလျော့နည်းပပျောက်စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်း၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ကုသရေး Centre များရှိ အခမဲ့ဖျားနာ ဆေးခန်းများ၌ ဒေသခံပြင်ပလူနာများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် ဓာတ်ခွဲ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က လူနာသစ်(၃၆)ဦးတွင်ရောဂါပိုးအတည်ပြုတွေ့ရှိရပြီး ကျန်း မာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရသူ(၁၄)ဦး၊ သေဆုံးသူမရှိကြောင်း မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅၅နှင့်အထက် ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၇ နာရီက မြိုနယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးသည်။
Sep 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးမထိုးရသေးသော အသက် (၁၈)နှစ် အထက်ဒေသခံတိုင်းရင်းသားမိဘပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှစတင်၍ မြို့နယ်စည်ပင်သာယာခန်းမတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
Sep 22,2021
၂၀၂၁ ခုနှစ် စက်တင်ဘာလအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေစေရန်အတွက် ယမန်နေ့ နံနက်ပိုင်း မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 22,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ မြန်မားစီးပွားရေးဘဏ်၌ ပင်စင်စား ဝန်ထမ်းများအား ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေး လျက်ရှိသည်။
Sep 22,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ရှိသူများအား ယနေ့နံနက် ၈နာရီက မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးကို ပထမအကြိမ် စတင်ထိုးနှံပေးသည်။