ပုဏ္ဏားကျွန်းမြို့နယ်၌ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် (၆)မြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေး

ပုဏ္ဏားကျွန်း ၊ စက်တင်ဘာ ၂၂

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဦးစားပေးအုပ်စုအလိုက်  သတ်မှတ်ချက်များနှင့်အညီ အသက်(၁၈)နှစ်အထက် မသန်စွမ်းသူများနှင့်(၅၅)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး၊ Sinopharm ကို တတိယအသုတ်၊ ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး ခြင်းကို  မြို့နယ်အတွင်းရှိ စုရပ်(၆)နေရာတို့တွင်(၅)ရက်မြောက်နေ့အဖြစ် ယနေ့၊ နံနက်(၉) နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများဦးဆောင်၍ ဌာနဆိုင်ရာ အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးရန်လာရောက်ကြသည့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပို့ပေး ခြင်း၊ စာရင်းသွင်း မှတ်တမ်းတင်ပေးခြင်း၊   ကိုယ်အပူချိန်တိုင်းတာခြင်း၊  သွေးပေါင်းချိန်တိုင်း တာပေးခြင်းတို့ကို  စနစ်တကျဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံလျက်ရှိသည်။

 

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း  လောကမာရဇိန် ဘုရားကြီးသိမ်တော်အပါအဝင်  ယိုးတရုပ် တိုက်နယ်ဆေးရုံ၊ သဲတက်ကျန်းမာရေးဌာန၊ ကွန်းတောင် ကျန်းမာရေး ဌာန၊  အလယ်ချောင်း ကျန်းမာရေးဌာနှင့် ပိုးရွှီပြင်တိုက်နယ်ဆေးရုံတို့တွင်  မြို့နယ်စီမံအုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူ တို့က လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည့် နေရာများတွင် ဖြည့်ဆည်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)