လွိုင်လင် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ (၇၇) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ဌာနဆိုင်ရာစုပေါင်းဘုံကထိန်တွင်ပဒေသာပင် ၂၆ ပင်တို့ကို တပ်နယ်နှင့်တပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ပဒေသာပင်များကို စုရပ်ဖြစ်သည့် လွိုင်လင်မြို့ သာသနာ့ဗိမာန်မှ မြို့တွင်းမင်းလမ်းမကြီးမှတစ်ဆင့် သုခလမ်း၊ ထိုမှတစ်ဆင့် ဗိုလ်ချုပ်လမ်း ထို့နောက် လွိုင်လင်-နမ့်စန် ပြည်ထောင်စုကားလမ်းမကြီးမှ သာသနာ့ဗိမာန်သို့ပြန်လည်ဝင်ရောက်ကာ မြို့တွင်း လှည့်လည်ခဲ့ကြသည်။
အဆိုပါပဒေသာပင်များကိုသာသနာ့ဗိမာန်ဓမ္မာရုံကြီး၌ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျောင်းတိုက်များသို့ မဲနှိုက်ကာ ဆက်ကပ်လှူဒါန်းပြီးနောက် ရေစက်သွန်းချအမျှပေးဝေကြမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ လှူဒါန်းသည့် ပဒေသာပင် (၂၆) ပင်မှ စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်းလေးရာ့ကိုးဆယ်ကျော်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး