ကွန်ဟိန်းမြို့၊ အလင်းရောင်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ပြုလုပ်

ကွန်ဟိန်း အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာ၊ အလင်းရောင်စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင် ရေးဟောပြောပွဲအား ယမန်နေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက ရွာသူရွာသားများ အသိပညာစွမ်းရည်များတိုးတက် မြင့်မားအောင် စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာဗဟုသုတ တိုးပွားမည်ဖြစ်ကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာအုပ်စာပေတွေကနေ ရရှိလာတဲ့ အသိပညာဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်မြင့်မားလာအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အလင်းရောင် ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)