ဘီးလင်းမြို့၊ အ.မ.က(အင်းဝိုင်းကုန်း)ကျောင်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဘီးလင်း အောက်တိုဘာ ၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အ.မ.က (အင်းဝိုင်းကုန်း) ကျောင်း မိုးရာသီ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို အသင်း ()သင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လေးသင်း ပတ်လည်စနစ်ဖြင့် ယှဥ်ပြိုင်းခဲ့ကြောင်း သိရသည်။

ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အ--က (အင်းဝိုင်းကုန်း) အသင်းနှင့် အ.မ.က (မြင်သာ)အသင်းတို့ယှဥ်ပြိုင်ခဲ့ရာ အ--က (အင်းဝိုင်းကုန်း) အသင်းက ၁၀ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အ--က (အင်းဝိုင်း)ကုန်းမှ ကျောင်းသူလေးများက ထာဝရသစ္စာ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အ--က(အင်းဝိုင်းကုန်း)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာလွင်နှင့် ဆရာ၊ ဆရာမများက ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို ဆုချီးမြှင့်ငွေ၊ ဆုတံဆိပ်နှင့် ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)