ရေတာရှည် အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဓါတ်မှန်အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့သည် Mobile Ultrasound ဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသခြင်းကို ဆရာဝန်ကြီး ဒေါက်တာ ခိုင်စန္ဒာလင်း ဦးဆောင်၍ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၌ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆေးကုသရာတွင် ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါ၊ဆီးချို သွေးချိုရောဂါ၊ အဆစ်ရောင်ရောဂါ၊ နှလုံးသွေးကျော ကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ ကျောက်ကပ်ရောဂါနှင့်ဖျားနာတုပ်ကွေးရောဂါ စသည့်ရောဂါများကို ရှာဖွေကုသပေးခဲ့ပြီး Ultrasound ဆရာဝန်ကြီး ဒေါ်ခိုင်စန္ဒာလင်း၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာနန္ဒာညီဆွေနှင့်ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူ(၆၀) ဦးအား အခမဲ့ Ultrasound ရိုက်ပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)