ဟိုပုံး အောက်တိုဘာ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးရဲခေါင်ထွန်း၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ကြွယ်ကြွယ်ဝင်းနှင့် တာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ် (၁၇၄ ဒသမ ၉၈၇) သန်းဖြင့် ဆောင်ရွက်သည့် အောင်ပွဲ-ကုန်းတလေး-တဖူးကိုင်း-လွယ်တဝိုင်း-ဟိုနမ့်လမ်း မြေသားလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၃)မိုင် ကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၁၁၅ ဒသမ ၆၃၅) သန်းဖြင့် ဆောင်ရွက်သည့် ကုန်းသာ-လွယ်တဝိုင်း-ချေးပေး-ဒုံမေးခိုး-နမ့်ပါချီး-ညောင်မွန်းလမ်း မြေသားလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း (၀/၂)မိုင် ကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)