ချမ်းအေးသာစံ အောက်တိုဘာ ၂၅
အများပြည်သူများ စာအုပ်စာပေဖတ်ရှုခြင်းများမှ အသိပညာဗဟုသုတများစွာရှိစေရန်အတွက် ရည်ရွယ်ကာ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးရုံး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အောင်မြေသာစံခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အများပြည်သူများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် စာအုပ်စာစောင်များလှူဒါန်းရာတွင် အောင်မြေသာစံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ ကျောင်းစာကြည့်တိုက်(၁၅)တိုက်အတွက် စာအုပ်၊ စာစောင်စုစုပေါင်း (၇၅၀) အုပ်အား ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းမှုများအတွက် စာကြည့်တိုက်များ ကိုယ်စား စာကြည့်တိုက်မှူးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)