အင်းတော်မြို့နယ်တွင် နိုင်ငံတော်မှ အခြေခံအိမ်ထောင်စုများသို့ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ကြေးငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

အင်းတော်  ဩဂုတ် ၁၄

ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော်မှ အခြေခံအိမ်ထောင်စု များသို့ စတုတ္ထအကြိမ်မြောက် ပေးအပ်သော ထောက်ပံ့ကြေးငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လွှဲပြောင်းပေးအပ်ပွဲတွင် အင်းတော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်တို့က အမှာစကားများပြောကြားခဲ့ကြ သည်။ ထို့နောက် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အင်းတော်မြို့နယ် အတွင်းရှိ အခြေခံအိမ်ထောင်စု ပေါင်း (၈၀၂၂) စုအား၊ တစ်အိမ်ထောင်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်းတစ်ထောင့်ခြောက်ရာလေးသိန်း လေးသောင်းကျပ်အား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ အင်းတော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ