ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ပြသဆောင်ရွက်

ကျိုက်မရော သြဂုတ် ၁၄

မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးခန်းမ တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ် ပြပွဲကိုယနေ့ နံနက်၉နာရီက ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါနံရံကပ်စာစောင်တွင် ပြည်သူများသိသင့်သိထိုက်သော လူကုန်ကူးမှုမြောက်စေသည့် အချက်အလက် အကြောင်းအရာ များ၊လူကုန်ကူးခံရနိုင်သူများ၊လူကုန်ကူးမှုပြစ်မှု ပြစ်ဒဏ် များ တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဖုန်းနံပါတ်များ၊ ကာတွန်း သရုပ်ဖော်ပုံများနှင့် မှတ်တမ်းဓါတ်ပုံများနှင့် သုတ/ရသစာအုပ်မျိုးစုံတို့ကို ဝေဝေဆာဆာပြသထားရာ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများစိတ်ဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြသည်။ အဆိုပါလက်ကမ်းစာစောင် ကိုသြဂုတ် လ၁၄ရက်နေ့မှ (၁၈)ရက်နေ့ အထိ ၅ ရက်ကြာ ပြသပေးထားမည် ဖြစ်ကြောင်းသိရသည်။

ချိုချို(ပြန်/ ဆက်)