ဒဂုံ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ Smiling Children Program (Food Distribution) in Myanmar မှ အပြုံးပန်းဝေဆာ ကလေးတို့မှာ အစားအစာ ဝေငှလှူဒါန်းခြင်း အစီအစဉ်အဖြစ် MICHI အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးအတွက် လှူဒါန်းပေးသော အခြေခံ စားသောက်ကုန် များကို We Love Yangon ပရဟိတအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒဂုံမြို့နယ် We Love Dagon Downtown အဖွဲ့ဝင် များက ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စည်ပင်သာယာရေးဓမ္မာရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။
လှူဒါန်းပေးရာတွင် ဒဂုံမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စား၊ ဝတ်၊ နေရေး အဆင်ပြေစေရေးအတွက် We Love Yangon အဖွဲ့မှဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် ကြီးကြပ်မှုဖြင့် We Love Dagon Downtown အဖွဲ့ဝင်များက အလှူရှင်များက လှူဒါန်းပေးသော ကလေးတစ်ဦးလျှင် ဆန်(၂)အိတ်၊ ဆီ(၁)ပုလင်းနှင့် ခေါက်ဆွဲခြောက်ထုပ်များ ကို ကလေးတစ်ဦးချင်းအလိုက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)