ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိမှတ်စာများကို အများပြည်သူသိရှိနိုင်ရန် ပြသထားပါသည်။
အဆိုပါနံရံကပ်စာစောင်တွင် မည်သူကို ဆန္ဒမဲပေးပိုင်ခွင့် မရှိသူဟု သတ်မှတ်ပါသလဲ မဲဆန္ဒရှင်တစ်ဦးက မဲစာရင်းကို မည်ကဲ့သို့ စစ်ဆေးရပါသလဲ၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါသလား၊ မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် လျှောက် ထားရန်၊ ကန့်ကွက်လိုပါက ပုံစံ (၄) ဖြင့် လျှောက်ထားရန်၊ ကိုယ်ရေးအချက်အလက်မှားယွင်းပါက ပုံစံ (၄- ဂ) ဖြင့် လျှောက်ထားရန်၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်နှင့်အဖြေများစသည့် သိမှတ်စရာများပါဝင်ပြီး မဲဆန္ဒရှင်ပြည်သူများ အလွယ်တကူဖတ်ရှု့လေ့လာနိုင်စေရန် ပြသခြင်းဖြစ်ကြောင်း သိရသည်။
သဲဝါ ( ပြန်/ ဆက်)