အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၀နှစ်ပြည့် ပြီး (၈၅)နှစ်မပြည့်သေးသော ဘိုးဘွားများအား ကိုဗစ်-၁၉ကာလ ထောက်ပံ့ငွေအဖြစ်ဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀/-(ကျပ်သုံးသောင်း)ဖြင့် ထောက်ပံ့ရာ အဆိုပါထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်း က မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
Oct 01,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Oct 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်မှ NHL သို့ သံသယလူနာ (၂၂၀)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် တို့အား စက်တင်ဘာ ၂၈ ရက်နေ့က ပေးပို့ထားပြီးစစ်ဆေးခဲ့ရာ ယင်းတို့အနက်မှ (၈) ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။
Oct 01,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ မိုးမောက်မြို့မစျေးအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲမှ ၈ နာရီအတွင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ကော်မတီဝင် များက စစ်ဆေးခဲ့ကြသည်။
Oct 01,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယနေ့နံက်ပိုင်းက ကွမ်ဘီကျေးရွာတွင် ပြည်နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
Oct 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးဆောင်ရွက်နိုင်ရေးအတွက် အထူးရဲသင်တန်း (၂၈)ရက်သင်တန်းကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ‌ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး အမှတ်(၁)ရပ်ကွက်ရှိ စည်ပင်သာယာမြို့မဈေးနှင့် အမှတ်(၃) ရပ်ကွက်ရှိ အေဝမ်းဈေးတို့သို့ ယနေ့ နံနက် ၈ နာရီတွင် ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ကြသည်။
Oct 01,2020
မန္တလေးကုန်စည်ဒိုင်ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ရာ လက်ရှိမန္တလေး ပဲဈေးကွက်ကို အွန်လိုင်းစနစ်ဖြင့် အရောင်းဝယ်ပြုလုပ်နေကြကြောင်း သိရသည်။