ပင်လည်ဘူးမြို့နယ်၌ CERP အစီအစဉ်ဖြင့် ဆောင်ရွက်နေသော (Cash for Work) စီမံကိန်း လုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီး

ပင်လည်ဘူး ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် CERP အစီအစဉ်ဖြင့် တစ်ရွာလျင် ငွေကျပ်သိန်း ၁၀၀ ဖြင့် ဆောင်ရွက် နေသော (Cash for Work) စီမံကိန်းလုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်ထံမှ သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် (Cash for Work)စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသည့် ကျေးရွာ များမှာ တံတားကိုင်းကျေးရွာ၊ အလယ်စုကျေးရွာ၊ ဟန်ဖဲကျေးရွာ၊ သာစည်ကျေးရွာ၊ ဝါးရုံသာ ကျေးရွာနှင့် ဥသျှစ်ကုန်း ကျေးရွာတို့ဖြစ်ပြီး တံတားကိုင်းကျေးရွာနှင့်အလယ်စုကျေးရွာတွင် ရွာတွင်းလမ်း များ ဂျင်းမြေခင်းခြင်း၊ ဟန်ဖဲ ကျေးရွာတွင် ရွာတွင်းလမ်းဘေး ရေနှုတ်မြောင်း တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်း၊ သာစည် ကျေးရွာတွင် ရွာတွင်းလမ်းဂျင်းမြေခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်း၊ ဝါးရုံသာကျေးရွာတွင် ကျေးရွာဘောလုံးကွင်းတည်ဆောက်ခြင်း၊ ဥသျှစ်ကုန်းကျေးရွာတွင် ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်း များကို ဩဂုတ်လကုန်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး (Cash for Work) စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် နေမှုမှာ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများ အချိန်မှီ ပြီးစီးရေးနှင့် သတ်မှတ်စံချိန် စံညွှန်းကိုက်ညီရေးတို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့်ဝန်ထမ်းများ ကွင်းဆင်းကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

မျိုးလွင်(ပင်လည်ဘူး)