ပိုင်ကျုံ ဩဂုတ် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အမှတ်(၄) ရပ်ကွက်တွင် မိုးရာသီ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှဆရာ/မများ၊ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်လူငယ်များပူးပေါင်း၍ ရပ်ကွက်နေပြည်သူများ၏ နေအိမ်နှင့် ပတ်၀န်းကျင်ရှိ ရေလှောင်ကန်များ၊ ရေစည်ရေအိုးများနှင့် ရေ၀ပ်နိုင်သော အသုံး အဆောင်များတွင် ပိုးလောက်လောင်း များ မပေါက်ဖွားနိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ် ကွေး ရောဂါ ကာကွယ်နှိမ်နှင်းရေး အတွက် ပြည်သူလူထုကဆောင်ရွက်ရမည့် လုပ်ငန်းများအား အသိပညာ ပေး ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ လုပ်ငန်းများဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောpဖိုး(ပြန်/ဆက်)