အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ်ပညာရေးဝန်ထမ်းမိသားစုများက အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီ အချိန်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
Oct 01,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှုရှိမရှိ ကို ယနေ့နံနက်ပိုင်းက မြို့နယ် အတွင်းရှိ အိမ်ဈေးဆိုင်များ မိုဘိုင်းဈေးသည်များ ဈေးရောင်းချမှုများအား လှည့်လည်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ အမှတ်(၁၇)ရပ်ကွက် အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ် သည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အလှူငွေ လေးသိန်း ငါးသောင်းကျပ်ကို ယမန်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းသည်။
Oct 01,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲ တပ်ဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အမှာစကား ပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက သင်တန်းဖွင့် မိန့်ခွန်းအား ဖတ်ကြားပြီး နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက အထူးရဲများအတွက် Mask များကို ပေးအပ်လှူဒါန်းရာ သင်တန်းမှူးမှ လက်ခံရယူခဲ့သည်။
Oct 01,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ စက်တင်ဘာလ (၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို မြို့မပရဟိတလူငယ်အဖွဲ့နှင့် အလှူရှင်များသွား ရောက်လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
Oct 01,2020
မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်မဲရုံလုံခြုံရေးတာဝန်များ ချထားနိုင်ရန်အတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှအထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲ ခန့် က မုဒုံမြို့နယ်ရွှေဟင်္သာခန်းမ၌ပြုလုပ်ခဲ့သည်။
Oct 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအထူးရဲများ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က အထက-လောင်းလုံး၊ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။