အမာ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးကျေးရွာ၌ ယမန်နေ့ညနေ ၅နာရီခွဲ အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် နောက်မီးကျေးရွာ၊ အမှတ်(၅)ရပ်ကွက် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ (၃)သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက် သေကြေပျက်စီးမှု မရှိကြောင်း သိရသည်။
သဘာဝဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု(၁)စုတွင် လူဦးရေ ကျား(၄)ဦး၊ မ(၂)ဦး၊ ပေါင်း(၆)ဦး တို့မှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
နော်လေး(အမာ)