နမ့်ခမ်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် ကုသစက်နှင့်ဆေးပစ္စည်းများ ပေးအပ်လှူဒါန်း

နမ့်ခမ်း            သြဂုတ်             ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှု မရှိစေရေးနှင့် သားအိမ်ခေါင်းကင်ဆာ ကုသရာတွင် အဆင်ပြေစေရေးအတွက် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ကုသစက်နှင့်ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို  ယမန်နံနက် (၁၀) နာရီအချိန် က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကုသစက်နှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့်က သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်၍ သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးများမှ ဒုတိယအဖြစ်အများဆုံးနှင့် အသေအပျောက် အများဆုံးရောဂါဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာအမျိုးသမီးများတွင် နှစ်စဉ် (၅၂၈၆)ဦးခန့် ဖြစ်ပွားပြီး (၂၉၉၈)ဦးခန့် သေဆုံးသည်ဟု ခန့်မှန်းကာ သားအိမ်ခေါင်းကင်ဆာသည် ကုသရန်ခက်ခဲ၍ သေစေနိုင်သော်လည်း ကာကွယ်၍ရသည့် ကင်ဆာဖြစ်သည့်အတွက်ကြောင့် ယခုလို သားအိမ်ခေါင်း ကင်ဆာအကြိုအဆင့် ကုသစက်နှင့် ဆေးပစ္စည်းများ လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး  သားခေါင်းကင်ဆာရောဂါ လွယ်ကူစွာကုသနိုင်ရေးအတွက် အလှူရှင်ဖြစ်သည့် ဦးဌေးနိုင်နှင့် သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ရီ (Ve Ve အချိုရည်) မိသားစုမှ နမ့်ခမ်းပြည်သူ့ဆေးရုံအတွက် ကုသစက်နှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ ပြည့်သူ့ဆေးရုံ အသုံပြုရန်အတွက် ( လက်မ) အဝီစိရေတွင်း တူးဖော်ရန် မတည်ငွေ ကျန်သိန်(၁၀၀)နှင့် နမ့်ခမ်းမြို့ရှိ NMGB ပရဟိတ စက်ဘီအဖွဲ့ လူမှုကူညီရေးအသင့်မှ အသုံပြာရန်အတွက် Ambulance ကားတစ်စီး ပေးအပ်လှူဒါန်းရာ  မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ စိုင်းလှတင်နှင့် ပရဟိတအသင်းဥက္ကဌ ဦးတင်မောင်လွင်တို့က လက်ခံပြီး အလှူရှင်ထံမှ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ နမ့်ခမ်းဆေးရုံးအုပ်ကြီး ဒေါက်တာစိုင်းလှတင်က လှူဒါန်းခြင်းများနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့် ဦးဆောင်သည့် အဖွဲ့များက ပြည့်သူ့ဆေးရုံးသို့ သားအိမ်ခေါင်းကင်ဆာရောဂါ လာရောက်ကုသနေသော ပြည်သူများအား သွားရောက်ကြည့်ရှုတွေ့ဆုံပြီး သားအိမ်ခေါင်းကင်ဆာရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုက်နာရမည့် အချက်အလက် များ ရှင်းလင်းပြောကြားသည်။

ထို့နောက် နမ့်ခမ်းမြို့နယ်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမားရေး စောင့်ရှောက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကိုယ်ဝန်ဆောင် မိခင်(၂၅)ဦး အတွက် တစ်ဦးလျှင် ငွေကျပ်(၅၀၀၀)နှုန်းနှင့် အာဟာရဖြည့် အစားအစာများဖြစ်သည့် ကြက်ဥ၊ ကွေကာထုပ်၊ အိုင်အိုင်ဒင်းဆားနှင့် အဝတ် Mask များ၊ လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကုသစက်နှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းရွှေမြင့် ဦးဆောင်သည့် အဖွဲ့နှင့် လားရှိုးမြို့နှင့် မူဆယ်မြို့တို့မှ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင့်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကြည်နိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် NMGB ပရဟိတ စက်ဘီးစီးအဖွဲ့ လူမှုကူညီရေးအသင်းတို့က တက်ရောက်ကြောင်း သိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)