Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နေရပ်ပြန်မြန်မာ သင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Oct 04,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ယူအေအီးနိုင်ငံမှ လာရောက်သည့် MT.ANDES သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.T BLISS သင်္ဘောပေါ်မှ သင်္ဘောသား(၄)ဦး၊ တရုတ်နိုင်ငံမှ လာရောက်သည့် MV.FORTUNE UNION သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၁၄)ဦး ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့ ဆိပ်ကမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးခရိုင် ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲ ကျောင်း ဆောင်သစ် ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး
Oct 04,2020
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် ကျောင်းဆောင်သစ်အဆောက်အဦ ရာနှုန်းပြည့် ဆောက် လုပ်ပြီးစီးပြီဖြစ်၍ ငဖဲမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူ၊ အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်လွင်၊ ငဖဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဇော်မိုး လွင် ၊မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ နှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့တို့မှ ယမန်နေ့က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက် မျိုးကွဲ ပယ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Oct 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်ကွက် မျိုးကွဲပယ်ခြင်း ကွင်း သရုပ်ပြပွဲကို ယမန်နေ့က မြို့မ KC နယ်မြေ အတွင်းရှိ ကွင်းအမှတ် (၂၀၁၀)၊ ဦးပိုင် အမှတ် (၃၄)၊ တောင်သူ ဉီးမောင်မောင်၏ လယ်ဧရိယာ(၆) ဧက ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်ကွက်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့နယ်တွင် အသက်(၈၀) နှစ်ပြည့်ပြီး (၈၅) နှစ်မပြည့်သေးသည့် ဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်
Oct 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက်(၈၀)နှစ် ပြည့်ပြီး(၈၅)နှစ် မပြည့်သေးသည့် ဘိုးဘွားများအားလူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ကာလအတွင်းထောက်ပံ့သည့်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်၁၁နာရီက တာဝန်ရှိသူများက ပိန်းဆန်းရပ်ကွက်ရှိ ဘိုးဘွားများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ သင်ပန်း -တပယ် - လက်ပန်ဇင်လမ်း ကတ္တရာ ခင်း ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Oct 04,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သော သင်ပန်း - တပယ် - လက်ပန်ဇင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး ပြီဖြစ် ကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ် ဆေးထိုးခြင်း ဆောင်ရွက်
Oct 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ဘောဂလိမြို့အတွင်းရှိ ပြည်သူများကျန်းမာရေးဗဟုသုတ ရရှိစေရန် နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဘောဂလိမြို့ ဖူးထေ့လေ့ အဆောင်၌ အသက်(၂)နှစ်အောက် ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်း များ ကပ်ထား ကြေညာ ထားရှိမှုအား တာဝန်ရှိသူများမှ ကြည့်ရှု စစ်ဆေး
Oct 04,2020
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒနယ်မြေများအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များစာရင်းများကို ဒုတိယ အကြိမ် ကပ်ထား ကြေညာထား ရှိမှုအခြေအနေကို ယမန်နေ့ မွန်းလွှဲ ၃ နာရီခန့်က မြို့ပေါ်(၃)ရပ်ကွက်တွင် နာဂဒေသ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ကော်မတီသို့ 500ml Spray Type၊ 640ml Refill Type၊ 100ml Spray Type များ စုစုပေါင်းပုလင်းအရေအတွက် (၉၉၀၀၀)၊ Surgical Maskအခုရေ (၃၀…
Oct 04,2020
မရမ်းကုန်းမြို့နယ်အတွင်းဖွင့်လှစ်ထားရှိသော Quarantine Center များတွင်အသုံးပြုနိုင်ရန်အတွက် မြို့နယ်ကိုဗစ် - ၁၉ကော်မတီသို့ 500ml Spray Type၊ 640ml Refill Type ၊100ml Spray Type များ စုစုပေါင်း ပုလင်းအရေအတွက် ( ၉၉၀၀၀)၊ Surgical Maskအခုရေ (၃၀၀၀၀)နှင့် အလှူရှင်များမှ အလှူငွေများအား ယမန်နေ့ နံနက်ပိုင်း ကလာရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25290
Page
25291
Page
25292
Page
25293
Current page
25294
Page
25295
Page
25296
Page
25297
Page
25298
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department