နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်း များ ကပ်ထား ကြေညာ ထားရှိမှုအား တာဝန်ရှိသူများမှ ကြည့်ရှု စစ်ဆေး

နန်းယွန်း  အောက်တိုဘာ  ၄

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒနယ်မြေများအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များစာရင်းများကို ဒုတိယ အကြိမ် ကပ်ထား ကြေညာထား ရှိမှုအခြေအနေကို ယမန်နေ့ မွန်းလွှဲ ၃ နာရီခန့်က မြို့ပေါ်(၃)ရပ်ကွက်တွင် နာဂဒေသ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရ သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသူရလိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးမှူးဦးဇော်မင်းသိန်းနှင့် အဖွဲ့ဝင်များက ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ ဝင်များနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အခြေခံမဲဆန္ဒရှင်အမည်စာရင်းအား (၁-၁၀-၂၀၂၀) ရက်မှ (၁၄-၁၀-၂၀၂၀)ရက်နေ့အထိ  နောက်ဆုံး အကြိမ်ကပ်ထား ကြေညာမည်ဖြစ်ပြီး နန်းယွန်းမြို့နယ် တစ်မြို့နယ်လုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၁၄၃၃) ဦးရှိကာ မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ(၄၁)ရုံ၊  မဲဆန္ဒ နယ်အမှတ်(၂)တွင်မဲရုံ(၄၁)ရုံ စုစုပေါင်း(၈၂)ရုံ ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း သိရ သည်။

ဟန်ကမ်း(ပြန်/ဆက်)