မရမ်းကုန်း အောက်တိုဘာ ၄
မရမ်းကုန်းမြို့နယ်အတွင်းဖွင့်လှစ်ထားရှိသော Quarantine Center များတွင်အသုံးပြုနိုင်ရန်အတွက် မြို့နယ်ကိုဗစ် - ၁၉ကော်မတီသို့ 500ml Spray Type၊ 640ml Refill Type ၊100ml Spray Type များ စုစုပေါင်း ပုလင်းအရေအတွက် ( ၉၉၀၀၀)၊ Surgical Maskအခုရေ (၃၀၀၀၀)နှင့် အလှူရှင်များမှ အလှူငွေများအား ယမန်နေ့ နံနက်ပိုင်း ကလာရောက်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းပစ္စည်းများဖြစ်သည့် 500ml Spray Type ပုလင်းရေ (၆၀၀၀၀)၊640ml Refill typeပုလင်းရေ (၁၈၀၀၀)၊100ml Spray Typeပုလင်းရေ (၂၁၀၀၀)နှင့် Surgical Maskအခုရေ (၃၀၀၀၀)အား ရွှေဘို အရက်ချက် စက်ရုံ (ရွှေပြည်သာ) မှ လည်းကောင်း အလှူရှင်များက စုစုပေါင်း လှူဒါန်းငွေ (၇)သိန်းကျပ် အားလည်းကောင်း လာရောက်လှူဒါန်းရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကိုဗစ် - ၁၉ ကော်မတီဝင်များ မှ လက်ခံခဲ့ပြီးဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)