ဘောဂလိ အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ဘောဂလိမြို့အတွင်းရှိ ပြည်သူများကျန်းမာရေးဗဟုသုတ ရရှိစေရန် နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဘောဂလိမြို့ ဖူးထေ့လေ့ အဆောင်၌ အသက်(၂)နှစ်အောက် ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြိုးနန္ဒာဦး ဦးဆောင်၍ ကျန်းမာရေး အသိပညာပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ပိုလီယို အကြောသေ ၊ မေးခိုင်ရောဂါ၊ တီဘီ၊ ဆုံဆို့နာ ၊ ကြက်ညှာချောင်းဆိုးရောဂါ ၊ ဦးဏှောက်အမြှေးရောင်ရောဂါ နှင့် ဝက်သက်ရောဂါ အစရှိသည်တို့ကို အသက်အပိုင်းအခြားလိုက် ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဘောဂလိ (ပြန်/ဆက်)