အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2020
ကျောက်မြောင်းမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိ‌ရေးကို ယနေ့နံနက်ပိုင်း က မအူကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ( ၂၅ ) ရက်နေ့မှစတင်၍ အခြေခံမဲဆန္ဒရှင် စာရင်းများအား ပထမအကြိမ် ကပ်ထားကြေငြာထားရှိခဲ့ရာ မဲဆန္ဒရှင် စာရင်းများတွင် လိုအပ်လျက်ရှိသော အချက်အလက် များအား ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အ.ထ.က(၁) လက်ပံတန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက်(၁၀)နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည်။
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ်၊ သီတဂူ ချင်းတွင်းဗုဒ္ဓတက္ကသိုလ်(မုံရွာ)၌ သီတဂူချင်းတွင်းဗုဒ္ဓတက္ကသိုလ်(မုံရွာ)ဩဝါဒခံယူခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဩဂုတ် ၁၁ ရက်နေ့ နံနက် နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများစနစ်တကျ စီမံထားရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံးရှိ စည်သူခန်းမ၌ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများတက်ရောက် သည်။
Aug 11,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ တိကျမှန်ကန်စေရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၁၁ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမ၌ ကျင်းပသည်။