ဝက်လက် အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ လ ၈ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၇၀၀၉၅ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။
ဝက်လက်မြို့နယ်တွင် အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်း ရရှိစေရေးတို့အတွက် အောက်တိုဘာလ ၁ရက်နေ့မှ အောက်တိုဘာလ ၁၄ရက်နေ့ထိ သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာခွဲများတွင် မဲဆန္ဒရှင် စာရင်းများ ကပ်ထား ကြေညာထားရှိမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦးနှုန်း မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုကြရန်နှင့် ဖြည့်စွက် ပြင်ဆင်ရန်လိုအပ်ပါက သတ်မှတ် ပုံစံများဖြင့် ဖြည့်စွက်ပြင်ဆင်နိုင်ရေးတို့ကို ရပ်ကွက်/ကျေးရွာများ၌ ပြည်သူများသိရှိစေရေး အတွက်လည်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ်အနေဖြင့် တိုင်းဒေသကြီး(၁) မဲဆန္ဒနယ်မြေအတွင်း မဲဆန္ဒရှင်ပေါင်း ၈၄၅၈၆ဦး ၊ တိုင်းဒေသကြီး(၂) မဲဆန္ဒနယ်မြေအတွင်း မဲဆန္ဒရှင်ပေါင်း ၈၅၅၀၉ဦး ရှိကြောင်းနှင့် မဲရုံပေါင်း ၁၃၄ရုံရှိကြောင်း သိရသည်။
ဥမ္မာဝင်း(ဝက်လက်)