မေတ္တာမြို့၌ ဒုတိယအကြိမ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ

မေတ္တာ အောက်တိုဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာခြင်းကို ရပ်ကွက်/ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ၁၄ ရက်နေ့အထိထုတ်ပြန်ကြေငြာထားရှိမှာဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို မေတ္တာမြို့၌သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲရုံးများတွင်ကြေညာကပ်ထားပြီး ဆန္ဒမဲစာရင်းတွင်မိမိ အမည်မပါဝင် ပါကပုံစံ(၃)ဖြင့်အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှလာ ရောက်နေထိုင်သူများဖြစ်ပါကပုံစံ-၃ (က)ဖြင့်လျှောက်ထားခြင်း၊ မဲစာရင်းတွင်မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း ၊မဲစာရင်းပါ အချက်အလက်များမှားယွင်းနေပါကပုံစံ(၄-ဂ) ဖြင့်ပြင်ဆင်လွှာတင်သွင်း ခြင်းများကိုသက်ဆိုင်ရာတာဝန်ရှိ သူများမှ ပြန်လည် စိစစ်၍ ဆောင်ရွက်သွား မည်ဖြစ်ပြီးအသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတိုင်းမဲပေးခွင့် မဆုံးရှုံးစေရေးအတွက်မဲစာရင်းများလာရောက်ကြည့်ရှုကြရန် နှိုးဆော်ထား ကြောင်းသိရသည်။

ရန်နောင်စိုး