ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေ-ပန်ဝါ ကားလမ်း ပုံမှန်အတိုင်း သွားလာနိုင်ပြီ

ချီဖွေ အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ-ပန်ဝါသွား ကားလမ်း ချီဖွေမြို့မှ (၉)မိုင်ခန့်အကွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေစာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ရာ ပြိုကျလာသည့် မြေစာပုံ အမြင့် (၃၀)နှင့် (၅၀) ဝန်းကျင်၊ အလျား (၁၀၀) ကျော် (၁၅၀) ခန့်ရှိ မြေစာ များအား loader (၁)စီး၊ ဘက်ဟိုး ယာဉ် (၁)စီးနှင့်အတူ ရှင်းလင်း ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ(၁)ရက် နံနက် (၁၁)နာရီတွင် မော်တော်ယာဉ် ငယ်များသာ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။

ဆက်လက်၍ မော်တော်ယာဉ်ကြီး (ကုန်တင်ယာဉ်)များ သွားလာနိုင်ရေး ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိအချိန်တွင် ချီဖွေ-ပန်ဝါ သွား ကားလမ်း မော်တော် ယာဉ်ငယ်နှင့် မော်တော် ယာဉ်ကြီး (ကုန်တင်ယာဉ်)များ ပုံမှန်အတိုင်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

နန်းမြင့်(မြို့နယ်ပြန်/ဆက်)