ရေး အောက်တိုဘာ ၄
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့် အသင်းစုရှိ ဝန်ထမ်း (၇) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေး ကာလတွင် မူရင်းလစာငွေ၏ (၂) ဆကို အတိုးနှုန်းမဲ့ဖြင့် အောက်တိုဘာလမှ စတင်၍ (၁၀)လပေး ချေးစနစ်ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ချေးငွေပေးအပ်ရာတွင် မြို့နယ်သမဝါယမအသင်းစုအမှုဆောင်ဒါရိုက်တာ ဥက္ကဋ္ဌ ဦးသီဟက အဖွင့်အမှာစကားပြောကြားပြီး အမှုဆောင်ဒါရိုက်တာအတွင်းရေးမှူး ဦးအောင်ကိုဦး က အတိုးမဲ့ (၁၀) လပေးချေးစနစ်ဖြင့် ထုတ်ချေးပေးရခြင်းအကြောင်းနှင့် ပြန်လည်ပေးချေးမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဝန်ထမ်းများ အား ထုတ်ချေးငွေများ ပေးအပ်ခဲ့သည်။
မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အဖြစ် ဝန်ထမ်းများအား ထုတ်ချေးပေးခဲ့ရာ ပထမအကြိမ်ဖြစ်ကြောင်း မြို့နယ် သမဝါယမ အသင်းစု ဥက္ကဋ္ဌဦးသီဟထံမှ သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)