ကနီ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စီမံကိန်းစက်ဝန်း လုပ်ငန်းများ ကို စတင်အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ ကနီမြို့နယ် အိုင်တောင်ကျေးရွာအုပ်စု မင်းအိုကျေးရွာတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်ခြင်းအား ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါ မင်းအိုကျေးရွာရှိ ကျောင်းဆောင်သစ်ကို ခွင့်ပြုရံပုံငွေ ကျပ် (၂၈၆၅၂၅၇၇) သိန်းဖြင့် အလျား ၉၀ ပေ အနံ ၃၀ ပေအမြင့် (၁၂)ပေ ရှိ ကျောင်းဆောင်သစ်ကို (RC)အ မျိုးအစားဖြင့် အကောင် အထည်ဖော် ဆောက်လုပ် သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများအား ကျေးရွာများမှ ကျေးရွာစီမံခန့်ခွဲမှု ကော်မတီဝင် များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနမှ နည်းပညာအကြံပေး ဦးဇင်လင်းထက်နိုင် (အင်/ယာ)နှင့် လူထုဗဟိုပြုစီမံကိန်းမှ လူထုစည်းရုံးရေးမှူးများ လက်ထောက် နည်းပညာမှူးများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကနီမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း အနေဖြင့် တတိယနှစ်စီမံကိန်းစက်ဝန်း တွင် စီမံကိန်း လုပ်ငန်းခွဲပေါင်း (၁၂၈)ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး မြို့နယ်စီမံကိန်း ရေးဆွဲရေး နှင့်အကောင်အထည်ဖော်ရေး ကော်မတီမှ စီမံကိန်းလုပ်ငန်းခွဲ(၁၀၁) ခုအား ခွင့်ပြုချက် ရရှိထားကြောင်း ကနီမြို့ လူဗဟိုပြုစီမံကိန်းရုံးမှ သိရသည်။
ဆလိုင်း(ကနီ)